ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


“ရင်းနှီး မြှုပ်နှံမှု အငြင်းပွားမှုများဖြေရှင်းရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေး ပွဲ” နှင့် ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံအကြား အငြင်းပွားမှုဖြေရှင်းခြင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့ (၃) ၏ (၃၇) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး” တက်ရောက်ခြင်း [1]

Posted on 03 April 2019

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်သည်  အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့၌ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ကျင်းပသည့် အစိုးရအရာရှိ   များအကြား ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုများ ဖြေရှင်းရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက် နေ့မှ ၅ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံအကြား အငြင်းပွားမှု ဖြေရှင်းခြင်း ဆိုင်ရာလုပ်ငန်း အဖွဲ့ (၃) ၏ (၃၇) ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လျက်ရှိပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative