ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပဉ္စမအကြိမ်မြောက် ၂၀၁၉ခုနှစ် မဟာသင်္ကြန်ရုံးပိတ်ရက်အကြို စတုဒီသာ ကျွေးမွေးပွဲ ကျင်းပခြင်း [1]
Posted on 12 April 2019
ရာသီပွဲတော်အလိုက် လှူဒါန်းကုသိုလ်ပြုကြတဲ့ ဓလေ့ထုံးစံအတိုင်း ပဉ္စမအကြိမ်မြောက် ၂၀၁၉ခုနှစ် မဟာသင်္ကြန် ရုံးပိတ်ရက်အကြို စတုဒီသာ ကျွေးမွေးပွဲအား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ၂၀၁၉ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စတုဒီသာကျွေးမွေးပွဲတွင် ဌာနခွဲများမှ စုပေါင်း၍ အစားအသောက်မျိုးစုံဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြပါသည်။
အဆိုပါ စတုဒီသာကျွေးမွေးပွဲတွင် ခေတ္တညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် တွဲဖက်အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်သည့် ဧည့်သည်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။







