ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


နှစ်သစ် မင်္ဂလာ အန္တရယ်ကင်း ပရိတ်တရားတော် နာယူပွဲ ကျင်းပခြင်း [1]

Posted on 17 April 2019

၁၃၈၁ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာ အန္တရယ်ကင်း ပရိတ်တရားတော်နာယူပွဲကို ရန်ကုန်မြို့ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ နေ့လည်တွင် ကျင်းပခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ  ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်း များက သုခိတာရာမ ရင်ငေး ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူကြပြီး၊ သံဃာတော်များက အန္တရယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် ခဲ့ကြပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative