ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၁၀၀ ကျော်ဖန်တီးပေးနိုင်မည့်လုပ်ငန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြု [1]

Posted on 26 April 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၈)ဦး တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် စင်ကာပူနိုင်ငံမှ BOT စနစ်ဖြင့် ဆိပ်ကမ်းနှင့် ကုန်သေတ္တာ သိုလှောင်သည့်နေရာ တည်ဆောက်ခြင်းလုပ်ငန်းအား ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းသည် ရင်နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၂၉၀.၁၂၄) သန်းရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၁၇၆)ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative