Grand Mart Holding Co., Ltd. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း [1]
Posted on 29 April 2019
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ၏လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် နေပြည် တော် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် နေပြည်တော် ၊ ဒက္ခိဏသီရိ အသေးစား နှင့် အလတ်စားစက်မှုဇုန်အတွင်းရှိ Grand Mart Holding Co., Ltd. ၏ စွန့်ပစ်တာယာများ၊ စတီးဝါယာများ၊ ရာဘာအစအနများ၊ ချည်မျှင်ကြိုးစများမှ ရာဘာကြမ်းခင်းနှင့် ပြုပြင်ထားသည့် တာယာများ ထုတ်လုပ်ခြင်းလုပ်ငန်းသို့ ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် သွားရောက်၍ မြေပြင် ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။

