Pilot Program on Investment Actualization Support (Investment Actualization Support (IAS) Services)နှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခြင်း [1]
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ခွင့်ပြုမိန့်ရရှိပြီး နောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် Investment Actualization Support (IAS) နှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်အား ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ Asia Development Bank (ADB) နှင့် Adam Smith International မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)မှ ဝန်ထမ်း များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်မှ အဖွင့်အမှာစကား ပြောကြားပြီး Adam Smith International မှ Team Leader Mr. Danny Burrows မှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲတွင် Adam Smith International မှ တာဝန်ရှိသူများနှင့် တက်ရောက်လာသော ဝန်ထမ်းများမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ် နိုင်ရေးအတွက် ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

