ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ပညာရေး ဝန်ဆောင်မှုလုပ်ငန်းနှင့်် ဂေါက်ကွင်းနှင့်တည်းခိုဆောင် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု [1]

Posted on 11 May 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၇/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြပါသည်။

              အစည်းအဝေးတွင် ပညာရေး ဝန်ဆောင်မှုလုပ်ငန်းနှင့်် B.O.T စနစ်ဖြင့် ဂေါက်ကွင်းနှင့် တည်းခိုဆောင်လုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်း (၂)ခုအား ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်း (၂)ခု၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄)သန်းနှင့် ကျပ်သန်းပေါင်း ၈၈၀၀ ရှိပြီး ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ပေါင်း (၂၁၇) နေရာကို ဖန်တီး ပေးနိုင်မည်ဖြစ်ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative