ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း [1]
Posted on 14 May 2019
ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်အဝေးကို ၂၀၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခက်အောင် အပါအဝင် ကော်မတီအဖွဲ့ဝင်များတက်ရောက်၍ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၃)ခု ဖြစ်သည့် “တိရိစ္ဆာန် အစာထုတ်လုပ်ခြင်းလုပ်ငန်း”၊ “လောင်စာတောင့် ထုတ်လုပ်ခြင်းလုပ်ငန်း” နှင့် “ပိုးစားပင် အခြေခံအထပ်သား၊ သစ်ပါးလွှာ ထုတ်လုပ်ခြင်းလုပ်ငန်း” တို့အား ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ လုပ်ငန်းမှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၂၀၇) ခု ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
