ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးမှ Korea Eximbank အဖွဲ့အား လက်ခံတွေ့ဆုံခြင်း [1]

Posted on 17 May 2019

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန်ဖြစ်သူ Ms. OH Youna ဦးဆောင် သည့် Korea Eximbank မှ တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ လက်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် Korea Eximbank တို့အကြား Economic Development Cooperation Fund ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါ သည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative