ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းဖွင့်ပွဲအခမ်းအနားနှင့် ၂၀၁၉ ခုနှစ် ပထမအကြိမ် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအခမ်းအနား ကျင်းပပြုလုပ်ခြင်း [1]

Posted on 18 May 2019

တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းဖွင့်ပွဲအခမ်း အနားနှင့် ၂၀၁၉ ခုနှစ် ပထမအကြိမ် တရုတ်-မြန်မာစီးပွားရေးစင်္ကြံရင်းနှီးမြှုပ်နှံမှု ထိပ်သီး အခမ်း အနားအား ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်၌ ၂၀၁၉ ခုနှစ်၊ မေလ၊ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးဟောင်း Mr. Guan Mu၊ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါတယ်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းနှင့် အခြားဆွေးနွေးပြောကြားသူများမှ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း၏ ရည်ရွယ်ချက်နှင့်အညီ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ကြပါတယ်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative