ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


တရုတ်ဘာသာစကား လေ့လာရေး အစီအစဉ်သို့တက်ရောက်ရန် ထွက်ခွာခြင်း [1]

Posted on 21 May 2019

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ ကြီးမှူးပြီး ကူမင်းမြို့ရှိ Yunnan Normal University မှ တာဝန်ယူ၍ ၂၀၁၉ ခုနှစ် မေလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ Yunnan Normal University  တွင် ကျင်းပပြုလုပ်မည့် တရုတ်ဘာသာစကား လေ့လာရေးအစီအစဉ်သို့ တက်ရောက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းအိ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားပါသည်။ 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative