ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ခြင်း [1]

Posted on 24 May 2019

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ် ဝန်ကြီးချုပ်၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးအယ်လ်ဖောင်းရှိုနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုအား အတည်ပြုမိန့် ထုတ်ပေးရန် ဆွေးနွေးခဲ့ကြပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative