ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ခြင်း [1]

Posted on 24 May 2019

ရခိုင်ပြည်နယ်    ရင်းနှီးမြှုပ်နှံမှုကော်မတီ၏   (၃/၂၀၁၉) ကြိမ်မြောက်   အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးညီပုအပါအဝင် ကော်မတီ အဖွဲ့ဝင် (၅) ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅) ခုမှ တင်ပြလာသော အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative