ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စွမ်းအင်သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု [1]

Posted on 29 May 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/ ၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြပါသည်။

              အစည်းအဝေးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စွမ်းအင်သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း (၆)ခု ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်း (၆)ခု၏ ရင်နှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၈.၆၂၀)သန်းနှင့် ကျပ် သန်းပေါင်း (၁၀၆,၄၃၅.၉၉) သန်း ရှိပြီး ပြည်တွင်း အလုပ် အကိုင်အခွင့် အလမ်းပေါင်း (၆၅၉) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative