Join Global Myanmar Co., Ltd. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း [1]
Posted on 31 May 2019
နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မျိုးကြက်ခြံနှင့်ကြက်သားပေါက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ Join Global Myanmar Co., Ltd. သို့ ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှု အခြေ အနေများနှင့်ဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင် ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါ သည်။

