ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


လုပ်ငန်းခွင် လက်တွေ့လေ့လာရေး (Internship) သင်တန်း အမှတ်စဉ်(၂)ဆင်းပွဲ အခမ်းအနား [1]

Posted on 03 June 2019

 ရန်ကုန်၊ မိတ္ထီလာ၊ မုံရွာ စီးပွားရေး တက္ကသိုလ်များမှ မဟာတန်းနှင့် နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူများအား လုပ်ငန်းသဘောတရားများကို နားလည်ပြီး အလုပ်ခွင် တွင် အဆင်ပြေစွာလုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းကျွမ်းကျင်ရန်၊ ပေါင်းသင်းဆက်ဆံမှု ကောင်းမွန် ရန် ရည်ရွယ်ဖွင့်လှစ်သည့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေးသင်တန်း အမှတ်စဉ်(၂)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ နံနက် (၁၀၀၀) နာရီတွင် ရန်ကုန်(ရုံးချုပ်)၌ ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်မှ သင်တန်း ဆင်းပွဲအမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေး ပြုလုပ်ခဲ့သည့် ကျောင်းသားများအပါအဝင် စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative