ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၉) အပါအဝင် ရက်သတ္တပတ် အတွင်းခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခြင်း [1]

Posted on 03 June 2019

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း  ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်းထုတ်ပြန်ချက် (၈/ ၂၀၁၉)အားဖြန့်ဝေခဲ့ပါသည်။ အဆိုပါ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ (၁၅)ခုမှ သတင်းထောက် (၁၅)ဦး တက်ရောက်ခဲ့ပြီး သတင်း မှတ်တမ်းရယူခဲ့ကြပါတယ်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative