Myanmar CP Livestock Co., Ltd. မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း [1]
Posted on 06 June 2019
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် သည် Myanmar CP Livestock Co., Ltd. မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Uthai Tantipimolphan နှင့်အဖွဲ့အား ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။ ထိုသို့လက်ခံတွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြင့်ရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
