“သာယာဦးဆောက်လုပ်ရေးအုပ်စု ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းခြင်း” [1]
Posted on 10 June 2019
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော မန္တလေးတိုင်းဒေသကြီးရှိ သာယာဦး ဆောက်လုပ်ရေး အုပ်စု ကုမ္ပဏီလီမိတက် (BOT စနစ်ဖြင့် လမ်းပြုပြင်ဖောက်လုပ်၍ လမ်း၊ တံတားအသုံးပြုခများ ကောက်ခံခြင်း) ၏ လုပ်ငန်း (၂)ခုသို့ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် လုပ်ငန်းနှင့် သက်ဆိုင်သည့် လမ်းဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေး ခဲ့ပါသည်။
