ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေ့လာရေးခရီးစဉ်သို့ သွားရောက်ရန် မြန်မာနိုင်ငံမှ ထွက်ခွာခြင်း [1]

Posted on 10 June 2019

တရုတ် - မြန်မာ နှစ်နိုင်ငံ တိုင်းရင်းသားဒေသများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည် ရင်းနှီးမှုခိုင်မြဲစေရန်အလို့ငှာ ယူနန်ပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်အရ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ်များသို့ လေ့လာရေးခရီးသွားရောက်ရန် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ယနေ့နံနက်ပိုင်းတွင် ထွက်ခွာသွားပါသည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ချင်းပြည်နယ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး  နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါသွားခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative