“ကရင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ” [1]
၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်၍ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၊ The Nippon Foundation နှင့် JETRO Yangon in Myanmar တို့မှ ပူးပေါင်းကျင်းပသော Kayin State Investment Seminar အား ရန်ကုန်မြို့ရှိ Park Royal Hotel တွင် နံနက် (၉:၀၀) နာရီမှ မွန်းတည့် (၁၂:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ စိုက်ပျိုးရေးကဏ္ဍ များ၊ သဘာဝသယံဇာတအရင်းအမြစ် စီမံခန့်ခွဲမှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ ၊ Kayin State Medicinal Plant Resourse Centre Project ဆိုင်ရာကိစ္စရပ်များနှင့် ကရင်ပြည်နယ်၏ စက်မှုကဏ္ဍ များ ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်၍ သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ကရင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကိုယ်စားလှယ် (၅၂) ဦးခန့် တက်ရောက်ခဲ့ပါသည်။

