ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း [1]

Posted on 13 June 2019

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ British Virgin Islands နှင့် ဗီယက်နမ် နိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၀)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၁၈.၉၈၆) သန်းဖြစ်ပြီး အဆိုပါ လုပ်ငန်း စုစုပေါင်း(၁၀)ခုတို့မှ  ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၄၅၉၇) ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းနှင့် လုပ်သားအင်အား တိုးမြှင့်ခြင်း အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စက်မှုကဏ္ဍ၌ အမေရိကန် ဒေါ်လာ (၀.၅၈၀ )သန်း နှင့် ပြည်တွင်းလုပ်သား (၃၀၀) ဉီးတို့အား တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative