ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ရင်းနှီးမြှုပ်နှံမှုနှင့် အထူးစီးပွားရေးဇုန် ဆွေးနွေးပွဲသို့ တက်ရောက် [1]

Posted on 14 June 2019

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်  ဦးသန့်စင်လွင်သည် ၂၀၁၉  ခုနှစ်  ဇွန်လ ၁၄ ရက်နေ့ တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့်  ရင်းနှီးမြှုပ်နှံမှုနှင့် အထူးစီးပွားရေးဇုန် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲအား United Nations Conference on Trade and Development (UNCTAD) နှင့် United Nations Economic and Social Commission for Asia and the Pacific (ESCAP)တို့မှ ပူးပေါင်းကျင်းပခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခေတ္တညွှန်ကြားရေးမှူးချုပ်  ဦးသန့်စင်လွင်သည် “အထူးစီးပွားရေးဇုန် မူဝါဒ ဖွံ့ဖြိုးမှုနှင့် နည်းလမ်းများ” ဆွေးနွေးပွဲ၌ Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative