ခေတ္တညွှန်ကြားရေးမှူးချုပ် ပါပူဝါနယူးဂီနီနိုင်ငံသို့ ဖိုရမ်တက်ရောက်ရန် ရန်ကုန်မြို့မှ ထွက်ခွာ [1]
Posted on 19 June 2019
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပါပူဝါနယူးဂီနီနိုင်ငံ၊ Port Moresby မြို့တွင် ကျင်းပပြုလုပ်မည့် “အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ် ၂၀၁၉” သို့ တက်ရောက်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပါပူဝါနယူးဂီနီနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ထွက်ခွာသွားပါသည်။
