ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း (CLMVT) ဖိုရမ် ၂၀၁၉ သို့တက်ရောက်ခြင်း [1]
Posted on 26 June 2019
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထူးမင်းသိမ်းသည် ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း (CLMVT) ဖိုရမ် ၂၀၁၉ သို့တက်ရောက်ရန် အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ထွက်ခွာခဲ့ပါသည်။
အဆိုပါ ဖိုရမ်မှာ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ Fourth Industrial Revolution ၏ ပြုပြင်ပြောင်းလဲလာမှုများအပေါ် အချက် အလက်များ မျှဝေနိုင်ရန် အတွက် ၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။

