မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၇/၂၀၁၉)ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း [1]
Posted on 26 June 2019
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၉ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မကွေးတိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုမှ အတည်ပြုမိန့်ပါ မတည်ရင်းနှီးငွေပမာဏ တိုးမြှင့်ပြင်ဆင်ခွင့်ပြုရန် တင်ပြလျှောက်ထားလာသည့်အပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။

