ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


Myint & Associates Offshore Supply Base Limited သို့ ကွင်းဆင်းစစ်ဆေးရန် သွားရောက်ခဲ့ခြင်း [1]

Posted on 27 June 2019

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ကမ်းလွန်ရေနံတွင်းများ အတွက်ကမ်းလွန် ထောက်ပံ့ရေးအခြေစိုက် စခန်းတည်ဆောက်ပြီး လိုအပ်သော ဝန်ဆောင် မှုများ ဆောင်ရွက်ပေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းဒေသရှိ Myint & Associates Offshore Supply Base Limited သို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် Myint & Associates Offshore Supply Base Limited ၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများအား စစ်ဆေးခဲ့ပြီး လိုအပ် သည် များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative