ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


“Leaders of Textile Public Company Limited” သို့ ကွင်းဆင်းစစ်ဆေးခြင်း [1]

Posted on 05 July 2019

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ချည်မျှင်ဆေးဆိုး ခြင်း၊ ချည်မျှင်ကော်စာတင်ခြင်း နှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်လျှက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ “လီဒါ(စ်)အော့(ဖ်)တက္ကစတိုင်ပါ့ ဘလစ်ကုမ္ပဏီ လီမိတက်” သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းအဖွဲ့ သည် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် သွားရောက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ အား စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative