ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၉/၂၀၁၉ ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲအခမ်းအနား [1]

Posted on 05 July 2019

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌ (၉/၂၀၁၉)ကြိမ်မြောက် ဝန်ထမ်း များဆန္ဒဖော်ထုတ်ပွဲကို ၂၀၁၉ခုနှစ် ဇူလိုင်လ ၅ ရက်နေ့  ၁၆:၀၀ မှ ၁၆:၄၅ ချိန်တွင် ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဌာနခွဲများမှ အရာထမ်း၊ အမှုထမ်း များ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ခု ပညာသင်နှစ်၌ အခြေခံပညာအဆင့် တက်ရောက်နေကြသည့် ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative