ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


“မဟာညီအစ်ကို ကုမ္ပဏီလီမိတက်”သို့ ကွင်းဆင်းခြင်း [1]

Posted on 08 July 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် CMP နှင့် Normal စနစ်(၂)မျိုးဖြင့် သီဟိုဋ်စေ့၊ ငရုတ်၊ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ သန့်စင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ထုတ်ပိုးခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်လျှက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ“မဟာ ညီအစ်ကို ကုမ္ပဏီလီမိတက်”သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative