ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ကျင်းပခြင်း [1]
Posted on 10 July 2019
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးခန်းမ(၁) ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင် နှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် British Virgin Islands မှ CMP စနစ်ဖြင့် သံလိုက်နှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများနှင့် အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းကို အတည် ပြုပေးခဲ့ပါ သည်။
အထက်ပါလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၃.၀၀၀) သန်းရှိပြီး၊ အဆိုပါလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄၀၈) ဦး ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။
