ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပ [1]
Posted on 10 July 2019
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် နိုင်ငံပေါင်း (၄)နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၅)ခုအား ခွင့်ပြု ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၈.၃၃၂ သန်း နှင့် ပြည်တွင်း အလုပ်အကိုင် အခွင့် အလမ်း ၄၆၇ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
