မလေးရှားနိုင်ငံတွင် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း [1]
Posted on 23 July 2019
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီလာမူသည် အရှေ့တောင်-အာရှနှင့် ပစိဖိတ် ဒေသတွင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး၏ အစီအစဉ် ဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့တောင်-အာရှနိုင်ငံများအတွင်း အကျိုးခံစားခွင့်ရှိသူများနှင့် သက်ဆိုင်သော ပွင့်လင်းမြင်သာမှု မြှင့်တင်ခြင်း ဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပါသည်။
