ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများ၏ အရည်အချင်းဆန်းစစ်စာမေးပွဲကျင်းပပြုလုပ်ခြင်း [1]
Posted on 28 July 2019
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများအား ဌာနနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ ဆက်စပ်လုပ်ထုံးလုပ်နည်းများအား သိရှိနားလည်စေရန်နှင့် အရည်အချင်း တိုးတက်မြင့်မားလာစေရန်အတွက် ဒုတိယညွှန်ကြားရေးမှူးနှင့်အောက် အရာထမ်း၊ အမှုထမ်းများအား အရည်အချင်းဆန်းစစ်စာမေးပွဲ စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၈ ရက် (တနင်္ဂနွေနေ့) နံနက် ၀၉၀၀နာရီမှ ၁၁၀၀နာရီအထိ ရန်ကင်းပညာရေးကောလိပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံး များတွင် တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း ၁၉၄ ဦး၊ အမှုထမ်း၂၁၄ဦး၊ စုစုပေါင်း ၄၀၈ ဦး ဖြေဆိုခဲ့ပါသည်။




