(၂၇)ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခြင်း [1]
Posted on 29 July 2019
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မှ ၃၁ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ရှုံကျုံးမြို့တွင် ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိပါသည်။
