မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း [1]
Posted on 31 July 2019
မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၆/၂၀၁၉)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ၂၉ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးမှ ရင်းနှီးမြှုပ်နှံမှု တည်ဆောက်ရေး ကာလတိုးမြှင့်ခွင့်နှင့်ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတည်နေရာပြောင်းရွေ့ခွင့် တို့ကိုစိစစ်ဆွေးနွေးခွင့်ပြုခဲ့ပါသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌဒေါက်တာ ဇော်မြင့်မောင်၊ အဖွဲ့ဝင်များဖြစ်သော မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ၊ မန္တလေးတိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် နှင့် အခြားအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
