ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် Worldview International Foundation မှကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း [1]

Posted on 31 July 2019

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် Worldview International Foundation မှ ဥက္ကဋ္ဌဖြစ်သူ Dr. Arne F Jortoftနှင့်အဖွဲ့အား ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် လက်ခံတွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံကမ်းရိုးတန်းများဒေသများတွင် ဒီရေတောများ ပြန်လည် စိုက်ပျိုးရေးနှင့်စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative