ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် Thailand Board of Investment ၏ Senior Investment Advisor နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ [1]

Posted on 06 August 2019

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် သည် Thailand Board of Investment ၏ Senior Investment Advisor ဖြစ်သူ Mr. Worakan Kosolpisitkul နှင့် အဖွဲ့အား ၂၀၁၉ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium Yangon Hotel ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲ၌  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ Power Point ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာညွှန်းကိန်းနှင့် စည်းမျဉ်းစည်းကမ်းတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative