ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၅/၂၀၁၉) ကျင်းပခြင်း [1]
Posted on 07 August 2019
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ပုသိမ်မြို့ရှိတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ(၁)၌ ကျင်းပပြုလုပ် ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင် (၇)ဦးတက်ရောက်ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ကလေးကစားကွင်း ဝန်ဆောင်မှုလုပ်ငန်း၊ အပန်းဖြေစခန်း ဝန်ဆောင်မှု လုပ်ငန်းနှင့် ဟိုတယ်နှင့်အပန်းဖြေစခန်းဝန်ဆောင်မှုလုပ်ငန်း စသည့် လုပ်ငန်း (၃)ခုအား အတည်ပြု ပေးခဲ့ပါသည်။
အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ် (၈၄၂၇.၀၀၅) သန်းရှိပြီး၊ ပြည်တွင်း အလုပ် အကိုင်အခွင့်အလမ်းပေါင်း (၂၂၆) ဦးဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
