ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ ပြုပြင်ပြောင်းလဲရေးနှင့် ရင်းနှီးမြှုပ်နှံသူနှင့် အိမ်ရှင်နိုင်ငံ အကြား အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း [1]

Posted on 09 August 2019

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန နှင့် ဩစတြေးလျနိုင်ငံ အစိုးရ၏ ပံ့ပိုးမှုဖြင့် ဩစတြေးလျအမျိုးသားတက္ကသိုလ်တို့ ပူးပေါင်း၍ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ပါ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ခေါင်းစဉ်အောက်မှ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ ပြုပြင်ပြောင်းလဲရေး နှင့် ရင်းနှီး မြှုပ်နှံသူနှင့် အိမ်ရှင်နိုင်ငံအကြား အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ တွင်ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များ ညှိနှိုင်းခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်း ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ ၏ စွမ်းဆောင် ရည်တိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါ သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် နှင့် Ms. Anthea Roberts တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး Overview of proposals to reform investment treaties နှင့် ISDS reforms bring discussed at UNCITRAL ခေါင်းစဉ်များဖြင့် Anthea Roberts မှလည်းကောင်း၊ Key options to reform investment treaties ခေါင်းစဉ်ဖြင့် Richard Braddock မှ လည်းကောင်း၊ Investment tareaty Mapping Tool ခေါင်းစဉ်ဖြင့် Wolfgang Alschner မှ လည်းကောင်း ၊ ဆက်လက်၍ UNCITRAL မှ  ISDS ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုများကို  Athita Komindr  မှလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ (၅:၀၀) နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။

 

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative