ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်း [1]

Posted on 14 August 2019

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နော်ပန်းသဉ္ဇာမျိုးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ရယူကာ CMP စနစ်ဖြင့် သိုးမွှေးယက်ထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Jinli Knitting & Spinning Co., Ltd နှင့် Spring River Knitting (Myanmar) Co., Ltd သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ရယူကာ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Hengrun Garment Co., Ltd နှင့် Jiangusu Soho (Myanmar) Industry Co., Ltd. သို့ လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

 

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative