ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


တတိယအကြိမ် အများနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့အစည်းအဝေး [1]

Posted on 16 August 2019

DaNa Facility ၏ ပံ့ပိုးကူညီမှုဖြင့် တတိယအကြိမ် အများနှင့်အကျုံးဝင်သေ ာစီးပွားရေး လုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်  ဦးသန့်စင်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် DaNa Facility မှ တာဝန်ရှိသူများက IB Capacity building and forthcoming activities ၊ The Impact Investment Portal နှင့် The Myanmar IB Challenge ခေါင်းစဉ်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ အများနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ဝင်များ၊ DaNa Facilityမှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

© Copyright DICA 2021. All rights reserved.

Made by  Inspiral Creative