ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ Websiteအားထုတ်လွှင့်ကြောင်း ကြေညာခြင်းအခမ်းအနား [1]
Posted on 27 August 2019
“ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ Websiteအား ထုတ်လွှင့်ကြောင်း ကြေညာခြင်း အခမ်းအနား” ကိုကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ခရိုင်စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ကိုယ်စား လှယ်များ၊ ပုဂ္ဂလိကကဏ္ဍပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများစုစုပေါင်းအင်အား ၇၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်မေမျိုးဇော်ကwebsite(www.KIC.gov.mm [2])တွင် သတင်းအချက် အလက် ရယူခြင်းနှင့် အသုံးပြုပုံအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။


