A study tour to the Philippines for DICA-JICA Discussion Series on Infrastructure PPP framework in Myanmar [1]
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဂျပန်အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ဦးဆောင်သည့် လုပ်ငန်းတာဝန်ခံအဖွဲ့ဝင် ၁၄ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ Infrastructure PPP framework နှင့် ပတ်သက်သည့် DICA-JICA ညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်ဆွေးနွေး ခဲ့ကြပါ သည်။ အဆိုပါအစည်းအဝေးများသည် FDIPP မှ စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ လုပ်ငန်း တာဝန်ခံအဖွဲ့ဝင်များသည် ဖိလစ်ပိုင်နိုင်ငံ JICA ရုံးခွဲနှင့် မနီလာမြို့ရှိ PPP Center သို့ သွားရောက်ခဲ့ပြီး PPP ဆိုင်ရာ လက်တွေ့ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာခဲ့ကြ ပါသည်။