International Economic Development Group မှ Research Officer ဖြစ်သူ Ms. Linda Calebrese နှင့် Team leader ဖြစ်သူ Mr. Stephen Gelb တို့နှင့် တွေ့ဆုံခြင်း [1]
Posted on 06 April 2016
International Economic Development Group မှ Research Officer ဖြစ်သူ Ms. Linda Calebrese နှင့် Team leader ဖြစ်သူ Mr. Stephen Gelb တို့သည် ၅-၄-၂၀၁၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့လာရောက်၍ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ လက်ရှိ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်အခြေအနေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအတွက် ဆောင်ရွက်နေမှု စသည်တို့နှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။