MyCO အကြောင်း သိကောင်းစရာများ (၅)၊ ကုမ္ပဏီတစ်ခုဖျက်သိမ်းခြင်းဆိုင်ရာနည်းလမ်းများ

MyCO အကြောင်း သိကောင်းစရာများ (၅)၊ ကုမ္ပဏီတစ်ခုဖျက်သိမ်းခြင်းဆိုင်ရာနည်းလမ်းများ

Posted on 12 May 2020

MyCO အကြောင်း သိကောင်းစရာများ ()

ကုမ္ပဏီအားစာရင်းရှင်းလင်း ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့်ပုံစံများ (Form Relating Winding Up) နှင့် ဆန္ဒအလျောက်ဖျက်သိမ်းခြင်း (Voluntary Winding Up)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီတစ်ခု ဖျက်သိမ်းခြင်းဆိုင်ရာ နည်းလမ်းများမှာ တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခြင်း (Winding up by Court) တရားရုံး၏ ကြီ:ကြပ်မှုဖြင့် ဖျက်သိမ်းခြင်း (Winding up subject to Supervision of Court) ဆန္ဒအလျောက်ဖျက်သိမ်းခြင်း (Voluntary Winding up) တို့ ဖြစ်ပါတယ်။ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းမှာ ကုမ္ပဏီတွင်ပါဝင်သူများက ဆန္ဒအလျောက်ဖျက်သိမ်းခြင်း (Members - Voluntary Winding Up) နှင့် မြီရှင်များက ဆန္ဒအလျောက် ဖျက်သိမ်းခြင်း (Creditors - Voluntary Winding Up) ဆိုပြီး နှစ်မျိုးရှိပါတယ်။

ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက်ဖျက်သိမ်းခြင်းများ ပြုလုပ်မည်ဆိုပါက MyCO တွင် ပုံစံ -၄၊ -၇၊ -(က) (J-4,7,5(A)) တင်ပြပေးရုံဖြင့် လုံလောက်မှုရှိပါတယ်။ အခြား အချက်အလက်များ ပြင်ဆင်တင်ပြလိုသည်များကို ဒီဆောင်းပါးတွင် ဖော်ပြထားသည့် လုပ်ငန်းစဉ်အတိုင်း MyCO တွင် တင်ပြနိုင်ပါတယ်။

ဆန္ဒအလျောက် ဖျက်သိမ်းခြင်းတွင် ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာချက် (Declaration of solvency in support of voluntary winding up)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၃၅၀(က) တွင် ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက် ဖျက်သိမ်းရန် ဆောင်ရွက်ခဲ့လျှင် ကုမ္ပဏီ၏ဒါရိုက်တာများ သို့မဟုတ် ဒါရိုက်တာ နှစ်ဦးထက် ပိုမိုပါရှိသော ကုမ္ပဏီဖြစ်လျှင် ဒါရိုက်တာအများစုသည် လည်းကောင်း၊ ဒါရိုက်တာတစ်ဦးတည်းရှိသည့် ကုမ္ပဏီတွင် အဆိုပါဒါရိုက်တာသည်လည်းကောင်း၊ ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက် ချမှတ်မည့် အစည်းအဝေးအတွက် အကြောင်းကြားစာများ ပေးပို့သည့်နေ့ရက်မတိုင်မီ ကျင်းပပြုလုပ်သည့် ဒါရိုက်တာများ အစည်းအဝေး၌ ကုမ္ပဏီကိစ္စရပ်များကို အပြည့်အ၀ စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ပြီးကြောင်း၊ ထိုသို့ပြုလုပ်ပြီးနောက် ကုမ္ပဏီအား ဖျက်သိမ်းရန် စတင်သည့်နေ့ရက်မှ သုံးနှစ်ထက်မပိုသည့် ကာလတစ်ရပ်အတွင်း ကုမ္ပဏီသည် ကြွေးမြီများကို အပြည့်အဝ ပေးချေနိုင်မည်ဟု ယူဆကြောင်း ကျန်းကျိန်လွှာတစ်ရပ်ဖြင့် အတည်ပြုထားသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်နိုင်သည် ဟုပြဋ္ဌာန်းထားပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၃၂၃() တွင်စာရင်းအား စစ်ဆေးပြီးသည့်အခါ ယင်း၏မိတ္တူတစ်စောင်ကို တရားရုံးတွင် မှတ်တမ်းပြုစု ထိန်းသိမ်းထားရှိရမည် ဖြစ်ပြီး အခြားမိတ္တူတစ်စောင်ကို မှတ်တမ်းပြုစုထားရှိရန်အတွက် မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။ ထိုမိတ္တူတစ်စောင်စီကို မြီရှင်များ သို့မဟုတ် သက်ဆိုင်သည့် ပုဂ္ဂိုလ်များက စစ်ဆေးကြည့်ရှုနိုင်စေရန်ထားရှိရမည်ဟုပြဋ္ဌာန်းထားပါတယ်။

ကုမ္ပဏီ၏ ဒါရိုက်တာများသည် ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ပြီးကြောင်းနှင့် ထိုသို့ ပြုလုပ်ပြီးနောက် ကုမ္ပဏီအား ဖျက်သိမ်းရန် စတင်သည့်နေ့ရက်မှ သုံးနှစ်ထက်မပိုသော ကာလတစ်ရပ်အတွင်း ကုမ္ပဏီသည် ကြွေးမြီများကို အပြည့်အဝပေးချေနိုင်မည်ဟု ယူဆကြောင်း ကြေညာချက်၊ ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာချက်ကို အတည်ပြုထားသော ဒါရိုက်တာများ၏ ကျမ်းကျိန်လွှာ ပူးတွဲရန်၊ ကုမ္ပဏီကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုမ္ပဏီစာရင်းစစ်များ၏ အစီရင်ခံစာတို့နှင့်အတူ ပူးတွဲ၍ MyCO တွင် ပုံစံ - (J-4) ဖြင့် တင်ပြရပါမယ်။

စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ ခန့်အပ်မှုအကြောင်းကြားစာ (Notice of appointment of liquidator)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၇၆ (က) တွင် ပြဋ္ဌာန်းထားသည်မှာ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက အကြောင်းတစ်စုံတစ်ရာကြောင့် မရှိသည့်ကိစ္စရပ်များတွင် တရားရုံးသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိတစ်ဦးကို ခန့်အပ်နိုင်သည်။ ပုဒ်မ ၃၇၆ () တွင် ဖော်ပြထားသည်မှာ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိသည် ၎င်းအား ခန့်အပ်ပြီးနောက် ၂၁ ရက်အတွင်း မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ဖော်ပြထားသည့် ပုံစံ - (J-7) ဖြင့် ခန့်အပ်မှုအကြောင်းကြားစာကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရပါမယ်။

ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ အပြီးသတ်စာရင်း (Liquidator’s final account in members’ voluntary winding up)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၅၇(က) တွင် ပြဋ္ဌာန်းထားသည်မှာ Liquidator တစ်ယောက်သည် ကုမ္ပဏီ၏ ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်း ဖျက်သိမ်းပြီးသည်နှင့် တစ်ပြိုက်နက် စာရင်းရှင်းလင်းဖျက်သိမ်းစာရင်းကို တင်ပြရန်နှင့် ယင်းအတွက် ရှင်းလင်းပြောဆိုရန်အလို့ငှာ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၅၇() တွင်အစည်းအဝေး ကျင်းပပြီး နောက် ခုနစ်ရက်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းမိတ္တူတစ်စောင် ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည့်အပြင် အစည်းအဝေးကျင်းပခြင်းနှင့် ကျင်းပသည့် နေ့ရက်တို့ကို ၎င်းထံသို့ ပြန်ကြားရမည်။ အစည်းအဝေး၌ အစည်းအဝေးအထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့် ဦးရေမပြည့်ဝခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် အစည်းအဝေးကို တရားဝင်ဆင့်ခေါ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ အစည်းအဝေး အထမြောက်ရန် တက်ရောက်ရမည့် လူဦးရေ အပြည့်အဝမတက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည့် ပြန်ကြားချက်တစ်စောင်ကို ပြုလုပ်ရမည်။ ထိုပြန်ကြားချက်အား ပြုလုပ်ပြီးသည့်အခါ ပြန်ကြားချက်ပြုလုပ်ခြင်းနှင့် သက်ဆိုင်သော ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များအရ ပြန်ကြားချက်ကို အဆိုပါအတိုင်း လိုက်နာဆောင်ရွက်ပြီး ဖြစ်သကဲ့သို့ မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားပါ သည်။

ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက် သိမ်းရေးအရာရှိ၏ အပြီးသတ်စာရင်းအား စာရင်းရှင်း လင်းဖျက်သိမ်းရေးဆိုင်ရာ စာရင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကုမ္ပဏီအတွက် အခွန်ကင်းရှင်းကြောင်း စာမိတ္တူတစ်စောင်တို့ကို ပူးတွဲ၍ MyCO တွင် -(က) (J-5(A)) ဖြင့် တင်ပြရပါမယ်။

ကုမ္ပဏီ ဖျက်သိမ်းသည့် တရားရုံးအမိန့် (Court Order concerning winding up of company)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၀၉(က) ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်သည့်အခါတွင် ကုမ္ပဏီဖျက်သိမ်းပေးရန် တရားစွဲဆိုသည့်အမှုမှ လျှောက်ထားသူနှင့် ကုမ္ပဏီတို့သည် ထိုအမိန့်အား ချမှတ်သည့်နေ့ရက်မှ တစ်လအတွင်း ထိုအမိန့်၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရန်တာဝန်ရှိသည်ဟုပြဋ္ဌာန်းထားရာ ကုမ္ပဏီဖျက်သိမ်းသည့် တရားရုံးအမိန့်၏မိတ္တူတစ်စောင်ကို MyCO တွင် - (J-1) ဖြင့် တင်ပြရပါမယ်။

စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက စာရင်းစစ်ပြုစုထားသော စာရင်းကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၃၂၃() နှင့်အညီ MyCO တွင် ပုံစံ - (J-2) ဖြင့် တင်ပြရပါမယ်။

မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အပြီးသတ်စာရင်းကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၃၇၀()နှင့်အညီ MyCO တွင် ပုံစံ -(က) (J-6(A)) ဖြင့် တင်ပြရပါမယ်။

စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ ရေးသား ဖော်ပြချက် (Liquidator’s statement in ongoing winding up)

စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ ရေးသား ဖော်ပြချက်ကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၄၀၈() နှင့် အညီ MyCO တွင် ပုံစံ -၁၀ (J-10) ဖြင့် တင်ပြရပါမယ်။

နိုင်ငံတော်အတွင်းရှိ ပြည်ပကော်ပိုရေးရှင်း ဖျက်သိမ်းခြင်း၊ မိခင်နိုင်ငံရှိ ကုမ္ပဏီအပါ ဖျက်သိမ်းခြင်းဟူ၍ နှစ်မျိုးရှိပါတယ်။

နိုင်ငံတော်အတွင်း ပြည်ပကော်ပိုရေးရှင်းကစီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုကို ရပ်စဲကြောင်းအကြောင်းကြားစာ (Notice of ceasing to carry on business in the Union by overseas corporation)

နိုင်ငံတော်အတွင်း ပြည်ပကော်ပိုရေးရှင်းက စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုကို ရပ်စဲကြောင်းအကြောင်းကြားစာကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၅၅(က) နှင့် အညီ MyCO တွင် ပုံစံ - (E-9) ဖြင့် တင်ပြရပါမယ်။

ပြည်ပကော်ပိုရေးရှင်းသည် ဖွဲ့စည်းတည်ထောင်သည့်နေရာတွင် စာရင်းရှင်းလင်း ဖျက်သိမ်း ခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် မှတ်ပုံတင်ထားခြင်းမှ ပြန်လည်ပယ်ဖျက်ခြင်းဆိုင်ရာ အကြောင်းကြားစာ (Notice of winding up, dissolution or deregistration of overseas corporation in place of incorporation)

ပြည်ပကော်ပိုရေးရှင်းသည် ဖွဲ့စည်းတည်ထောင်သည့်နေရာ (မူလနိုင်ငံ)တွင် စာရင်း ရှင်းလင်း ဖျက်သိမ်းခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် မှတ်ပုံတင်ထားခြင်းမှ ပြန်လည်ပယ် ဖျက်ခြင်းဆိုင်ရာ အကြောင်းကြားစာကို မြန်မာနိုင်ငံကုမ္ပဏီ များဥပဒေ ၂၀၁၇ ပုဒ်မ ၅၅ (စ) (၁) နှင့် အညီ MyCO တွင် ပုံစံ -၁၀ (E-10) ဖြင့် တင်ပြရပါမယ်။

ပြည်ပကော်ပိုရေးရှင်း၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို နိုင်ငံတော်အတွင်း ခန့်အပ်ကြောင်း အကြောင်းကြားစာ (Notice of appointment of liquidator of overseas corporation in the Union)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၅၅ (စ) (၂) အရ တရားရုံးသည် ပြည်ပကော်ပိုရေးရှင်း၏ မူလနိုင်ငံအတွက် တာဝန်ပေးထားသော စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိ သို့မဟုတ် မှတ်ပုံတင်အရာရှိမှ လျှေက်ထားတင်ပြလာလျှင် ပြည်ပကော်ပိုရေးရှင်း၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိတစ်ဦးကို နိုင်ငံတော်အတွင်းခန့်အပ်ပေးရမည်ဟု ပြဋ္ဌာန်းထားရာ ပြည်ပကော်ပိုရေးရှင်း၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို နိုင်ငံတော်အတွင်း ခန့်အပ်ကြောင်း အကြောင်းကြားစာကို MyCO တွင် ပုံစံ -၁၁ (E-11) ဖြင့်တင်ပြရပါမယ်။

ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရန်ကြောင်းကြားစာ (Notice to remove an overseas corporation from Register following winding up)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ ၅၅ (င) အရ မှတ်ပုံတင်အရာရှိသည် အခန်း (၅) ပါပြဋ္ဌာန်းချက်များနှင့်အညီ တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ပေးပို့သည့် အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် ပြည်ပကော်ပိုရေးရှင်းအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားရာ ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ရန်ကြောင်းကြားစာကို MyCO တွင် ပုံစံ -၁၂ (E-12) ဖြင့် တင်ပြရပါမယ်။

အထက်ပါ ပုံစံ ည၊ J- form များသည် လက်ရှိဖျက်သိမ်းရေး လုပ်နေသော ကုမ္ပဏီများကိုသာ အသုံးပြုရမည်ဖြစ်ပြီး လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေ ထွက်ရှိပြီးနောက် ပိုင်း MyCO တွင် ဖျက်သိမ်းလိုသော ကုမ္ပဏီများသည် လူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေနှင့် အညီ MyCO တွင် အသစ်ထပ်မံ ဖော်ပြသွားမည့် ပုံစံများဖြင့်သာ ဖျက်သိမ်းရမည်ဖြစ်ပါသဖြင့် ထိုအချိန်တွင် ဖျက်သိမ်းလိုသည့် ကုမ္ပဏီများသည် ပုံစံ ည၊ J- form များကို အသုံးပြု၍ ရမည်မဟုတ်တော့ပါကြောင်း ကြိုတင်အသိပေးလိုပါသည်။

မောင်ဋီကာ