ကိုဗစ်-၁၉ ရန်ပုံငွေ မှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်) နှင့် COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိလုပ်ငန်းရှင်များ စတုတ္ထအကြိမ်တွေ့ဆုံခြင်း

ကိုဗစ်-၁၉ ရန်ပုံငွေ မှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်) နှင့် COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိလုပ်ငန်းရှင်များ စတုတ္ထအကြိမ်တွေ့ဆုံခြင်း

Posted on 20 September 2021

Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် စတုတ္ထ အကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၁ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့်ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ (ကယားပြည်နယ်) ဥက္ကဋ္ဌ က Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ ချေးငွေဆိုင်းငံ့ကာလ ထပ်မံတိုးမြှင့်ခြင်းကိစ္စ၊ ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထပ်မံထုတ်ပေးမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များမှ ပြန်လည် ဆွေးနွေး တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။