ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက်အစည်းအဝေး

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက်အစည်းအဝေး

Posted on 24 September 2021

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ တွင်ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။

အစည်းအဝေးသို့ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့် အထူးဖိတ်ကြားထားသူများ အပါအဝင် အဖွဲ့ဝင် (၇) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်အတွင်းရှိ ခွင့်ပြုမိန့်/ အတည်ပြုမိန့်ဖြင့် လုပ်ငန်း ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အခြေအနေများနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက် ပေးပါရန် တင်ပြလာခြင်းကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။