ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိရေးအတွက်‌ မေလမှ ဩဂုတ်လအထိ နိုင်ငံခြားသား ၃,၀၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက စိစစ်ထောက်ခံခဲ့

ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိရေးအတွက်‌ မေလမှ ဩဂုတ်လအထိ နိုင်ငံခြားသား ၃,၀၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက စိစစ်ထောက်ခံခဲ့

Posted on 30 September 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများမှ နိုင်ငံခြားသားများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများကို ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိနိုင်ရေးအတွက် စိစစ်ထောက်ခံပေးလျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ၌ ၂၀၂၁ ခုနှစ် မေလတွင် နိုင်ငံ/ ဒေသပေါင်း ၁၇ ခုမှ နိုင်ငံခြားသား ၅၈၄ ဦးကိုလည်းကောင်း၊ ဇွန်လတွင် နိုင်ငံ/ ဒေသပေါင်း ၂၁ ခုမှ နိုင်ငံခြားသား ၈၉၇ ဦးကို လည်းကောင်း၊ ဇူလိုင်လတွင် နိုင်ငံ/ ဒေသပေါင်း ၂၇ ခုမှ နိုင်ငံခြားသာ ၁,၀၇၆ ဦးကို လည်းကောင်း၊ ဩဂုတ်လတွင် နိုင်ငံ/ ဒေသပေါင်း ၃၂ ခုမှ နိုင်ငံခြားသား ၄၉၁ ဦးကို လည်းကောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့် ရရှိနိုင်ရေးအတွက် စိစစ်ထောက်ခံပေး နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလမှ ဩဂုတ်လကုန်အထိ နိုင်ငံခြားသားစုစုပေါင်း ၃,၀၄၈ ဦးကို စိစစ် ထောက်ခံပေးခဲ့ပြီး ဖြစ်ပါသည်။