ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားကြည့်ရှုအားပေး

ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားကြည့်ရှုအားပေး

Posted on 08 November 2021

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် သည် နိုဝင်ဘာလ ၅ ရက်နေ့က ကချင်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ကုန်စည်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့် ကုန်စည် သိုလှောင်ရေးစခန်းလုပ်ငန်းများသို့   ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခဲ့ပါသည်။

ညနေပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဉီးစီးဌာန၊ ကချင်ပြည်နယ်ဉီးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။